International News

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်အာဖရိကနိုင်ငံ၏ နွေရာသီအစေ့အဆံသီးနှံများစွာ ပျက်စီးခဲ့ရခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းက အစေ့အဆံသီးနှံစိုက်ပျိုးမှု သုတေသနပြု ချက်အရ မိုးသည်းထန်စွာရွာသွန်းခဲ့မှုအကြောင့် စေ့အဆံသီးနှံစိုက်ပျိုးသူ ၂၀ ရာခိုင်နှုန်း၏ ပြောင်းအဖြူ စိုက် ပျိုးထားရှိမှု ၆၀ ရာခိုင်နှုန်းဝန်းကျင် ပျက်စီးခဲ့ရကြောင်း၊ ထို့အပြင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကုန်ကတည်းက နွေရာသီအတွင်း မိုးရွာသွန်းမှုကြောင့် ၂၀၂၁- ၂၀၂၂ ခုနှစ် စိုက်ပျိုး မှုရာသီချိန်တွင် စိုက်ပျိုးထားသော ပြောင်း အဝါ ၁၅ ရာခိုင်နှုန်း၊ ပဲပုတ်စေ့ ၁၃ ရာခိုင်နှုန်းနှင့် နေကြာပန်း ၁၇ ရာခိုင်နှုန်း ပျက်ဆီးခဲ့ရကြောင်း သိရှိရပါ သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုသည် နှစ်ပေါင်း ၁၀၀ အတွင်း အများဆုံးဖြစ်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုအပြင် မိုးသီးကြွေကျမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ အဓိကအားဖြင့် အနောက် ဘက်ခြမ်း Free State ပြည်နယ်ရှိ ပြောင်းအဖြူများ ပျက်စီးခဲ့သကဲ့သို့ အရှေ့ဘက်ခြမ်းနှင့် အနောက်မြောက် ဘက်ခြမ်းတို့တွင်လည်း မိုးရေကြီးမှုစိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရကြောင်း၊ Free State ပြည်နယ် စိုက်ပျိုးရေး လုံခြုံစိတ်ချရေးကော်မတီ၏ ဥက္ကဋ္ဌ Jakkals le Roux က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြောင်းစိုက်ပျိုးမှု ဟက်တာအနည်းဆုံး ၂၇၀,၀၀၀ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ မိုးရွာသွန်းမှုသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ကောင်းမွန်ခဲ့သကဲ့သို့ ၂၀၂၂ ခုနှစ် နှစ်စပိုင်းတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီးနှံစိုက်ပျိုးထား သော သဲမြေများတွင် ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ကြောင့် စိုက်ပျိုးရေးသမားများအနေဖြင့် စီးပွားရေးအရသော်လည်းကောင်း၊ ဘဏ္ဍာရေးအရသော်လည်း ကောင်း စိန်ခေါ်မှုများနှင့် ကြုံတွေ့ရမည့် နှစ်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်သည် အခြေခံစိုက်ပျိုးထုတ်လုပ်သူများကိုသာမက စိုက်ပျိုးရေးကဏ္ဍ၏ စိုက်ပျိုးမှုကွက်းဆက်တစ်လျှောက်လုံးအား ထိခိုက်စေမည်ဖြစ်ကြောင်း၊ တောင်ပိုင်းအာဖရိကရာသီဥတုခန့်မှန်းရေးဖိုရမ်က တောင်ပိုင်းအာဖရိကန်ဖွံ့ဖြိုး တိုးတက်မှု အဝန်းအဝိုင်းဒေသအတွက် မိုးရေချိန်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပျှမ်းမျှမိုးရေ ချိန်ထက် ပိုမိုမြင့်တက်နိုင်ရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source: https://www.farmersweekly.co.za/agri-news/south-africa/high-rainfall-cause-extensive-damage-t-summer-grain-crop/

 

Category: International News